School of Missiology
အရည်အချင်းသတ်မှတ်ချက်များ
B.Min Program
၁။ အတန်းပညာ(၈)တန်းထိတက်ရောက်ထားပြီးသူများ
၂။ ဓမ္မပညာကိုအခြေခံအဆင့်တက်ရောက်ထားဘူးသူများ
၃။ အမှုတော်မြတ်ကဏ္ဍတစ်ခုခုတွင်ပါဝင်လုပ်ဆောင်နေသူများ
B.Miss Program (Bachelor of Missiology)
၁။ အတန်းပညာ(၁၀)တန်းထိတက်ရောက်ထားပြီးသူများ
၂။ ဓမ္မပညာကိုဒီပလိုမာ/လက်မှတ်ရရှိထားသူများ
၃။ အမှုတော်မြတ်ကဏ္ဍတစ်ခုခုတွင်ပါဝင်လုပ်ဆောင်နေသူများ
M.Miss Program (Master of Missiology)
၁။ တက္ကသိုလ်တစ်ခုခုမှဘွဲ့တစ်ခုခုရရှိထားပြီးသူများ
၂။ အမှုတော်မြတ်ကဏ္ဍတစ်ခုခုတွင်ပါဝင်လုပ်ဆောင်နေသူများ
မှတ်ချက်- B.Miss တက်ရောက်အောင်မြင်ပြီးပါက၊ နောက်ထပ်တစ်နှစ်ထပ်မံတက်ရောက်ပြီးလျှင် M.Miss ဘွဲ့ကို ရရှိပါမည်။
လိုက်နာရန်စည်းကမ်းချက်များ
သင်တန်းတက်ရောက်ရန်ရွေးချယ်ထားခြင်းခံရပြီးပါက-
၁။ သင်တန်းကိုမလွှဲမရှောင်သာ (unavoidable circumstances) အခြေအနေမျိုးမှလွဲ၍ဘွဲ့ရသည်အထိပြီးဆုံး အောင်တက် ရောက်နိုင်ရပါမည်။
၂။ Zoom ဖြင့်သင်ခန်းစာသင်ယူနေစဉ်အချိန်အတွင်း zoom ကင်မရာကို (အရေးပေါ်ကိစ္စအခြေအနေမှလွဲ၍) ပိတ်ထားခွင့် မရှိပါ။
၃။ သတ်မှတ်ထားသောကျောင်းလခများကိုလစဉ်ပထမအပါတ်၏နောက်ဆုံးရက် (last day of the first week of the month) နောက်ဆုံးထား၍သက်ဆိုင်ရာငွေကြေးဘဏ်အကောင့်များသို့မပျက်မကွက်ပေးသွင်းကြရမည်။ ငွေကြေးအခက် အခဲရှိ၍သတ်မှတ်ရက်အတွင်းမပေးသွင်းနိုင်ပါကရက်ရွှေ့ခွင့်တောင်းခံနိုင်သည်။ သို့သော်ကင်းလွတ်ခွင့်မရပါ။
၄။ ဘာသာရပ်တစ်ခုလျှင်သင်ခန်းစာသင်ကြားရက်ကိုမလွှဲမရှောင်သာအခြေအနေမျိုးမှလွဲ၍(၂)ကြိမ်ထက်ပျက်ကွက်ခွင့်မရှိ။ ပျက်ကွက်နိုင်သည့်ထိုအကြိမ်အတွက် ကြိုတင်ခွင့်ကို မော်ကွန်းထိန်းထံတိုင်ကြားရမည်၊ အရေးပေါ်အခြေအနေဖြစ်လာ၍ ပျက်ကွက်ခွင့်ကြိုတင်မတိုင်ကြားနိုင်လျှင်ကျောင်းသား messenger group တွင်ရေးသားနိုင်သည်။
၅။ Zoom ဖြင့်သင်ကြားပေးမည်ဖြစ်သောကြောင့်သင်တန်းရက်များကိုကျောင်းသားအားလုံးတက်ရောက်နိုင်မည့်ရက်၊ အ ချိန်ကိုသတ်မှတ်မည်။ သို့သော် လိုအပ်လျှင် အခြေအနေအရပြင်ဆင်သတ်မှတ်မည်ဖြစ်သည်။ တစ်ပါတ်လျှင်(၂)ရက်တက် ရောက်ကြရမည်ဖြစ်ပြီး၊ တစ်ရက်လျှင် (၂-၃)နာရီအချိန်ကြာမြင့်မည်ဖြစ်သည်။
၆။ သက်ဆိုင်ရာဘာသာရပ်သင်ကြားသည့်ဆရာများမှသတ်မှတ်ထားသောအလုပ်/တာဝန် (Assignments) များကိုသတ် မှတ်ထားသောရက်အတွင်းသင်ကြားပေးသည့်ဆရာထံတင်ပြလုပ်ဆောင်ကြရမည်ဖြစ်သည်။ သတ်မှတ်ရက်အတွင်း မတင် နိုင်ပါက (failure for submission on due time) ရက်ရွှေ့တင်ပြခွင့်ကြိုတင်တောင်းခံနိုင်သည်။ သို့သော်သတ်မှတ်ရက် ထက် (၂)ပါတ်ကျော်လွန်၍ခွင့်မပြုပါ။
၇။ Bachelor program အတွက် Assignment များကိုစာရွက်ပေါ်တွင်မြန်မာဘာသာဖြင့်ရေးသားခြင်း (ဖြစ်နိုင်လျှင် ကွန် ပြူတာဖြင့်ရိုက်နှက်ခြင်း) ကိုခြွင်းချက်အနေဖြင့်ခွင့်ပြုပေးမည်ဖြစ်ပြီး၊ Master program ကျောင်းသားများမူကား၊ (အဂ်လိပ် ဘာသာ+မြန်မာဘာသာဖြင့်)ရေးသားလျက်ကွန်ပြူတာဖြင့်သာ ရိုက်နှက်တင်ပြရမည်။
၈။ ကျောင်းသားတစ်ဦး၏ဂုဏ်သိက္ခာနှင့်မညီသောအပြုအမူများ (ဥပမာ- သင်တန်းအချိန်ကာလတွင် ညစ်ညူးသော စကား များပြောဆိုခြင်း၊ ဆရာသမားများကိုတိုက်ခိုက်ပြောဆိုခြင်း၊ ကြမ်းတမ်းသောစကားများဖြင့်ပြောဆိုဆွေးနွေးခြင်း) ပြုမူပါ ကသတိပေးခြင်းခံရမည်၊ ထပ်မံပြုမူလုပ်ဆောင်လာပါကသင်တန်းမှထုတ်ပယ်ခြင်းခံရမည်။ ထိုအခြေအနေမျိုးဖြစ်လာပါ ကကျောင်းသားများပေးသွင်းထားပြီးသောကျောင်းလခများအားပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။
၉။ သင်ခန်းစာများနှင့်စပ်လျဉ်းသောပြဌာန်းစာအုပ်များ (Text books)၊ အညွှန်းစာအုပ်များ (Reference books) များအား ကျောင်းမှကျောင်းသားများထံကြိုတင်ပေးပို့မည်ဖြစ်သည်။ သက်ဆိုင်ရာနိုင်ငံအလိုက်ကျောင်းသားတာဝန်ခံများ မှမိတ္တူကူး ယူဖြန့်ချီကြရမည်။ စာအုပ်တန်ဖိုးနှင့်၊ စာအုပ်များပို့ဆောင်ခ (Shipping cost) များကိုကျောင်းသားများမှပေးဆောင်ကြရ မည်။
၁၀။ သင်ခန်းစာနှင့်စပ်လျဉ်းသော powerpoints၊ handouts များကိုသင်တန်းဆရာများမှပြုစုပေး၍ကျောင်းသားများ email သို့မဟုတ် ကျောင်းသား portal တွင်တင်ထားပေးမည်။ မိမိအစီအစဉ်ဖြင့် download ယူ၍သိမ်းထားရန်ဖြစ်သည်။ ကျောင်း သားများမှကိုယ်ပိုင်အီးမေးလ်အကောင့်များရှိထားရန်လိုအပ်မည်ဖြစ်သည်။
၁၁။ သင်တန်း (Program) ပြီးဆုံးပါကဘွဲ့အပ်နှင်းရန်လိုအပ်သောစာမေးပွဲများ၊ စာတမ်းများပြုစုခြင်းတို့ကိုပြုလုပ်ကြရ မည်ဖြစ်သည်။ ပြုလုပ်ရန်ပျက်ကွက်ပါကသင်တန်းမပြီးဆုံးဟုသတ်မှတ်ပြီးဘွဲ့အပ်နှင်းခြင်းခံရမည်မဟုတ်ပါ။
၁၂။ ကျောင်းသူ/ကျောင်းသားများအားလုံးတစ်လတွင်တစ်ကြိမ် Zoom အားဖြင့်ဝတ်ပြုကိုးကွယ်ခြင်းရှိပါမည်။ အားလုံးမပျက်မကွက်ပါဝင်ကြရမည်။
Fruits for Life Ministry, School of Mission နှင့်စပ်လျဉ်း၍သိထားသင့်သည်အရာများ
၁။ Fruits for Life Ministry သည် ၂၀၁၆ ခုနှစ်မှစ၍မြန်မာနိုင်ငံတွင်သာသနာပြုသင်တန်းများပြုလုပ်ခြင်း၊ တိုင်း၊ မြို့နယ် အ သီးသီးတို့အတွင်သာသနာပြုလုပ်ငန်းများလုပ်ဆောင်ခြင်းတို့ဖြင့်အစပြုခဲ့ပါသည်။ ၂၀၂၂ မှစ၍ထိုင်းနိုင်ငံ၊ ၂၀၂၆ တွင်မလေး ရှားနိုင်ငံတို့ရှိမြန်မာလူမျိုးများထံသာသနာပြုလုပ်ငန်းများလုပ်ဆောင်လျက်ရှိနေပါသည်။
၂။ ယခု School of Mission သည် Fruits for Life Ministry အတွက်ဘုရားသခင်ပြင်ဆင်ပေးသောသာသနာပြုလုပ်ဆောင် ခြင်းလုပ်ငန်းနောက်တဆင့်ဖြစ်ပါသည်။ အဓိကအနေဖြင့်မြန်မာလူမျိုးများအကြား သာသနာပြုခြင်းလုပ်ငန်းကို ကျွမ်းကျင် ထိရောက်၊ နည်းစနစ်မှန်ကန်စွာလုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ Ministry ၏သာသနာလုပ်ငန်းတစ်ခု အနေဖြင့်လုပ်ဆောင် ခြင်းဖြစ်ပါသည်။
၃။ School of Mission သည်ငွေကြေးရရှိခြင်းအလို့ငှာဖွင့်လှစ်သောသင်တန်းမဟုတ်ပါ။ သို့သော်ကျောင်းသား/သူ များမှ အသက်သာဆုံးကျောင်းလခကိုပေးသွင်းကြရမည်ဖြစ်ပါသည်။ ထိုကျောင်းလခငွေကြေးများကို Fruits for Life Ministry ၏ သာသနာလုပ်ငန်းများတွင်သာ၍ကျယ်ပြန့်ခြင်းအလို့ငှာအသုံးပြုသွားမည်သာဖြစ်ပါသည်။
၄။ကျောင်းသူ/သားများဘာသာရပ်များကိုကျွမ်းကျင်တတ်မြောက်စေရန်အလို့ငှာမြန်မာဘာသာဖြင့်ပြောဆိုသင်ကြားပေး မည်ဖြစ်သည်။ သို့သော် Master program အတွက် Text books များ၊ Handouts များသည်အဂ်လိပ်ဘာသာဖြင့်ပြုစုထား သော စာအုပ်စာတမ်းများဖြစ်မည်။
၅။ ကျောင်းလခများကို(တစ်လအတွက်)သက်ဆိုင်ရာနိုင်ငံအလိုက်အောက်ပါအတိုင်းသတ်မှတ်သည်။
B.Min/B.Miss Program M.Miss Program
မြန်မာနိုင်ငံ ၇၀၀၀၀ ကျပ် ၁၂၀၀၀၀ ကျပ်
ထိုင်းနိုင်ငံ ဘတ် ၇၀၀ ဘတ် ၁၀၀၀
မလေးရှားနိုင်ငံ ရင်းဂစ် ၂၅၀ ရင်းဂစ် ၄၀၀
အမေရိကန်နိုင်ငံ ဒေါ်လာ ၁၀၀ ဒေါ်လာ ၁၅၀
မှတ်ချက်- မြန်မာနိုင်ငံမှကျောင်းသား/ကျောင်းသူများသည်အမှုတော်မြတ်တွင်ပါဝင်လုပ်ဆောင်နေသူများဖြစ်ပါက၊ ကျောင်း လခ ၂၅% လျှော့ပေါ့ခံစားခွင့်ရှိသည်။
၆။ Fruits for Life Ministry, School of Mission သည်ဧဝံဂေလိခရစ်ယာန်တို့၏ယုံကြည်ခံယူချက် (Evangelical Belief) အပေါ်ခိုင်မာစွာရပ်တည်ပါသည်။ ဂိုဏ်းကနတစ်ခုခု၊ အသင်းတော်တစ်ခုခု၊ လူပုဂ္ဂိုလ်အဖွဲ့အစည်းများ အပေါ်တွင်နောက်ခံ ထားလျက်ရပ်တည်လုပ်ဆောင်နေခြင်းမဟုတ်ပါ။ အမေရိကန်ပြည်ထောင်စု၊ အီလီနွိုင်ပြည်နယ်တွင် 501C(3) non profit organization အဖြစ်မှတ်ပုံတင်ထားသောအဖွဲ့အစည်းသာဖြစ်ပါသည်။
၇။ School of Missiology တွင်သင်ကြားပေးမည့်ဆရာများသည် ဓမ္မပညာရပ်များကို ကျွမ်းကျင်တတ်မြောက်ထားသူများ ဖြစ်ပြီး၊အထူးသဖြင့်သာသနာပြုခြင်းဆိုင်ရာဘာသာရပ်များကို အထူးပြုတတ်မြောက်ထားကြသူများဖြစ်ပါသည်။ သင်ကြား ပေးမည့် Program သည်လည်းသာသနာပြုခြင်းကိုဦးစားပေးအခြေပြုသင်ကြားပေးမည်ဖြစ်ပြီး၊ လက်တွေ့အမှုတော်မြတ် နယ်ပယ်တွင်ထိရောက်စွာအသုံးပြုနိုင်ရန်ဖြစ်ပါသည်။ သင်ခန်းစာများအားလုံးတို့သည်လည်း ဧဝံဂေလိအသင်းတော်များမှ (evangelical churches) လက်ခံထားသော ဓမ္မပညာရှင်များမှရေးသားထားသောစာအုပ်စာတမ်းများကိုသာအခြေပြုပါ သည်။ သင်ခန်းစာအားလုံးပြီးမြောက်အောင်မြင်သွား၍ဘွဲ့ရရှိလျှင် သက်ဆိုင်ရာအသင်းတော်များတွင်သာသနာပြုသင်းအုပ်များ၊ ဘုရားသခင်စေလွှတ်သောနယ်မြေဒေသအသီးသီးတွင်သာသနာပြုများ၊သာသနာပြုခြင်းဆိုင်ရာဘာသာရပ်များကို သင် ကြားပေးနိုင်သည့်ဆရာများအဖြစ်ထိရောက်စွာပါဝင်ဆက်ကပ်နိုင်ကြမည်ဖြစ်ပါသည်။
B.Min/B.Miss Program ဘာသာရပ်များ (Total 72 Credit Hour)
| ပထမနှစ် (1st Semester) | Credit Hour | ပထမနှစ် (2nd Semester) | Credit Hour |
| BM 111 – New Testament Survey BM 112 – Old Testament Survey BM 113 – Biblical Interpretation |
3 3 2 |
BM 121 – Essential Doctrines BM 122 – Introduction to Sociology/Psychology BM 123 – English Composition |
4 2 2 |
| Total | 8 | Total | 8 |
| ပထမနှစ် (3st Semester) | Credit Hour | ဒုတိယနှစ် (1st Semester) | Credit Hour |
| BM 131 – History of Mission BM 132 – Christian Ethics BM 133 – Spiritual Formation BM 134 – Christian Anthropology |
2 2 2 2 |
BM 211 – Biblical Theology of Ministry BM 212 – Life and Ministry of Jesus BM 213 – World Mission |
3 2 3 |
| Total | 8 | Total | 8 |
| ဒုတိယနှစ် (2nd Semester) | Credit Hour | ဒုတိယနှစ် (3rd Semester) | Credit Hour |
| BM 221 – Missiology BM 222 – Theology of Mission BM 223 – World Religion and Pluralistic Society |
3 3 2 |
BM 231 – Evangelism BM 232 – Principle of Discipleship BM 233 – Homiletic Preaching |
3 3 2 |
| Total | 8 | Total | 8 |
| တတိယနှစ် (1st Semester) | Credit Hour | တတိယနှစ် (2nd Semester) | Credit Hour |
| BM 311 – Christian Apologetics BM 312 – Community Outreach and Development BM 313 – Capstone Project |
2 3 3 |
BM 321 – Introduction to Church Planting BM 322 – Spiritual Warfare and Mission BM 323 – Contemporary Mission Strategies BM 324 – Capstone Project |
2 2 2 2 |
| Total | 8 | Total | 8 |
| တတိယနှစ် (3rd Semester) | Credit Hour | ||
| BM 331 – Biblical Foundation of Missionary Life BM 332 – Internship BM 333 – Final Capstone Project/Final Exam |
2 3 3 |
||
| Total | 8 |
M.Miss (Master of Missiology) Program ဘာသာရပ်များ (Total 49 Credit Hour)
| ပထမနှစ် (1st Semester) | Credit Hour | ပထမနှစ် (2nd Semester) | Credit Hour |
| MS 111 – New Testament Survey MS 112 – Old Testament Survey MS 113 – Biblical Interpretation |
3 3 2 |
MS 121 – Systematic Theology – I MS 122 – Systematic Theology – II MS 123 – Introduction to Sociology/Psychology |
3 3 2 |
| Total | 8 | Total | 8 |
| ပထမနှစ် (3st Semester) | Credit Hour | ဒုတိယနှစ် (1st Semester) | Credit Hour |
| MS 131 – History of Mission MS 132 – Intercultural Communication MS 133 – Missional Leadership MS 134 – Capstone |
3 3 2 |
MS 211 – Missional Discipleship MS 212 – Theology of Mission & Evangelism MS 213 – World Mission MS 214 – Capstone |
3 3 3 |
| Total | 8 | Total | 9 |
| ဒုတိယနှစ် (2nd Semester) | Credit Hour | ဒုတိယနှစ် (3rd Semester) | Credit Hour |
|
MS 221 – Missiology – I (Kingdom of God, Church and the Great Commission, Christian Mission in the Context of Suffering, Persecution, and Matyrdom) MS 222- World Religion and Pluralistic Society MS 223 – Missional Church Planting MS 224 – Capstone |
3
2 3
|
MS 231 – Missiology – II (Theology of Triune God, Honor and Shame Culture, Diaspora Missiology, Business and Mission) MS 232 – Theology and Culture MS 233 – Homiletic Preaching MS 234 – Comprehensive Exam and Final Capstone Project |
3 2 2 1 |
| Total | 8 | Total | 8 |
Copyright © 2026 Fruits for Life Ministry | Powered by Spexo WordPress Theme